ပုံစံ(က) ဖြည့်သွင်းရန်

သိထားသင့်သောအချက်အလက်များ

  • ပုံစံ(က) ကိုဖြည့်သွင်းပြီးလျှင် ငွေတိုက်စာချုပ်ဝယ်ယူရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် ရရှိမည်ဖြစ်ပါသည်၊၊

USDT (or) USDC Stablecoin ဖြင့် ဝယ်ယူသူများ ပုံစံ(ခ) ဖြည့်သွင်းရန်

သိထားသင့်သောအချက်အလက်များ

  • ပုံစံ(က) ကိုဖြည့်သွင်းပြီးလျှင် ငွေတိုက်စာချုပ်ဝယ်ယူရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် ရရှိမည်ဖြစ်ပါသည်၊၊
  • အီးမေးလ်သို့ ပေးပို့ထားသော Wallet Address သို့ ကိုယ်တိုင်ဖြစ်စေ၊ အခြားယုံကြည်ရသူထံမှတဆင့်မှဖြစ်စေ ငွေလွှဲပြီးပါက ငွေလွှဲပြီးကြောင်း အထောက်အထားပြေစာနှင့်တကွ ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။
  • ငွေလွှဲထားသည့် အထောက်အထား စာရွက်စာတမ်းကို ပုံစံ(ခ)တွင် ပူးတွဲဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။
  • ပုံစံ(က) ဖြည့်အပြီး အီးမေးလ်တွင်ရရှိသော Order ID နံပါတ်ကို ဘဏ်သို့ငွေလွှဲရာတွင် Reference Number အဖြစ်ဖြင့်ထည့်ပေးရပါမည်။ ယင်း Order ID နံပါတ်ကို ပုံစံ(ခ) ဖြည့်ရာတွင်လည်း ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
  • အဖွဲ့အတွက် ၀ယ်ယူပေးမည့်သူသည်  ပုံစံ(ခ)တွင်ပါ၀င်သော “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရမည်ဖြစ်ပါသည်။
  •  ငွေတိုက်စာချုပ်ကို စုစုပေါင်းလူ(၁၀)ဦးအထိ စုပေါင်းငွေလွှဲကာ ၀ယ်ယူနိုင်ပါသည်။ 
  • ပုံစံ (ခ) ဖြည့်သွင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ စီစစ်၍ ငွေလက်ခံရရှိပြီး  (၁၄)ရက်အတွင်း ငွေတိုက်စာချုပ်ကို အီးမေးလ်မှ လက်ခံရရှိမည်ဖြစ်ပါသည်။

တစ်ဦးချင်း ဝယ်ယူသူများ ဖြည့်သွင်းရန် ပုံစံ(ခ)

အဖွဲ့လိုက် ဝယ်ယူသူများ ဖြည့်သွင်းရန် ပုံစံ(ခ)

ဘဏ်အကောင့်ဖြင့် ဝယ်ယူသူများ ပုံစံ(ခ) ဖြည့်သွင်းရန်

သိထားသင့်သောအချက်အလက်များ

  • ပုံစံ(က) ကိုဖြည့်သွင်းပြီးလျှင် ငွေတိုက်စာချုပ်ဝယ်ယူရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် ရရှိမည်ဖြစ်ပါသည်၊၊
  • နိုင်ငံခြားဘဏ်သို့ ကိုယ်တိုင်ဖြစ်စေ၊ အခြားယုံကြည်ရသူထံမှတဆင့်မှဖြစ်စေ ငွေလွှဲပြီးပါက ငွေလွှဲပြီးကြောင်း အထောက်အထားပြေစာနှင့်တကွ ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။
  • ငွေလွှဲထားသည့် အထောက်အထား စာရွက်စာတမ်းကို ပုံစံ(ခ)တွင် ပူးတွဲဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။
  • ပုံစံ(က) ဖြည့်အပြီး အီးမေးလ်တွင်ရရှိသော Order ID နံပါတ်ကို ဘဏ်သို့ငွေလွှဲရာတွင် Reference Number အဖြစ်ဖြင့်ထည့်ပေးရပါမည်။ ယင်း Order ID နံပါတ်ကို ပုံစံ(ခ) ဖြည့်ရာတွင်လည်း ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
  • အဖွဲ့အတွက် ၀ယ်ယူပေးမည့်သူသည်  ပုံစံ(ခ)တွင်ပါ၀င်သော “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရမည်ဖြစ်ပါသည်။
  •  ငွေတိုက်စာချုပ်ကို စုစုပေါင်းလူ(၁၀)ဦးအထိ စုပေါင်းငွေလွှဲကာ ၀ယ်ယူနိုင်ပါသည်။ 
  • ပုံစံ (ခ) ဖြည့်သွင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ စီစစ်၍ ငွေလက်ခံရရှိပြီး  (၁၄)ရက်အတွင်း ငွေတိုက်စာချုပ်ကို အီးမေးလ်မှ လက်ခံရရှိမည်ဖြစ်ပါသည်။

တစ်ဦးချင်း ဝယ်ယူသူများ ဖြည့်သွင်းရန် ပုံစံ(ခ)

မြန်မာနိုင်ငံသားများဖြည့်ရန်

အဖွဲ့လိုက် ဝယ်ယူသူများ ဖြည့်သွင်းရန် ပုံစံ(ခ)

ကိုယ်စားလှယ်မှတဆင့် ဝယ်ယူသူများ ဖြည့်သွင်းရန်

သိထားသင့်သောအချက်အလက်များ

  • ငွေတိုက်စာချုပ်ဝယ်ယူသူသည် ငွေတိုက်စာချုပ်ပမာဏ၏ ကျသင့်ငွေကို ကိုယ်စားလှယ်အားပေးချေရပါမည်။
  • Agent ORDER ID ပါသော ငွေရပြေစာကို ဝယ်ယူသူ၏ အီးမေးလ်သို့ ပို့ပေးရန် ငွေတိုက်စာချုပ်ကိုယ်စားလှယ်မှ စီစဉ်ပေးမည်ဖြစ်ပါသည်။
  • ငွေတိုက်စာချုပ်ဝယ်ယူသူသည် ထို Agent ORDER ID ကို “ကိုယ်စားလှယ်ထံမှ တဆင့်ဝယ်ယူသူများ” ပုံစံတွင် မှန်ကန်စွာဖြည့်သွင်းပေးရပါမည်။
  • ထို Agent ORDER ID ပါသော ငွေရပြေစာ အထောက်အထားကို “ကိုယ်စားလှယ်ထံမှ တဆင့်ဝယ်ယူသူများ” ပုံစံတွင် ပူးတွဲဖိုင် (Attached File) အဖြစ် မပျက်မကွက်ပေးပို့ရပါမည်။

ကိုယ်စားလှယ်မှတဆင့် ဝယ်ယူသူများ ဖြည့်သွင်းရမည့် ပုံစံ

ငွေတိုက်စာချုပ်၀ယ်ယူသူများအတွက် သိထားသင့်သောအချက်အလက်များ
  • ငွေတိုက်စာချုပ်များ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာငွေဖြင့် သတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များ၏ တန်ဖိုးသည် ဒေါ်လာငွေ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ ဟု အသီးသီးသတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များ၏ အတိုးရာခိုင်နှုန်းကို 0% (အတိုးမဲ့)ဟု သတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များကို အစိုးရက ဝယ်ယူလိုသူများလက်သို့ ရောင်းနှံရာတွင် သတ်မှတ်ထားသည့် တရားဝင်တန်ဖိုး အတိုင်းသာရောင်းချသွားမည်ဖြစ်ပြီး သာမန်အခြားအတိုးမဲ့ငွေတိုက်စာချုပ်များကဲ့သို့ လျှော့ဈေးဖြင့် ဈေးလျှော့ရောင်းချပေးခြင်းပြုမည်မဟုတ်ပါ။
  • ငွေတိုက်စာချုပ်သည် ထုတ်သည့်နေ့မှ (၂)နှစ်အကြာတွင် သက်တမ်းကုန်ဆုံးမည်။
  • ငွေတိုက်စာချုပ်များကို သက်တမ်းမကုန်ခင် လွှဲပြောင်းရောင်းချခွင့် မပြုပါ။
  • သက်တမ်းကုန်ချိန်တွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
  • မြန်မာ့မြေပေါ်မှ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် လိုအပ်လျက်ရှိသည့် ဘဏ္ဍာရန်ပုံငွေ လုံလောက်စွာ ရရှိစေရန်။
  •  USDT (or) USDC ဖြင့်ဝယ်ယူသူများအနေဖြင့်

    – ပုံစံ(က) နှင့် ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန်

    (၁) ORDER ID နံပါတ်

    (၂) ငွေတိုက်စာချုပ်အတွက်ကျသင့်ငွေကို USDT (or) USDC Stable Coin ဖြင့် လွှဲပေးချေရမည့် Wallet Address ပါဝင်သော အီးမေးလ်ကို unitedbonds-nug.org မှ ပို့ပေးမည်ဖြစ်ပြီး  အီးမေးလ်ပါ လမ်းညွှန်ချက်များအတိုင်း တိကျစွာ ဆောင်ရွက်ရမည်ဖြစ်သည်။

  • ငွေတိုက်စာချုပ်ကိုယ်စားလှယ်များမှတဆင့် ဝယ်ယူမည်ဆိုလျှင် ငွေတိုက်စာချုပ်ကိုယ်စားလှယ်ထံသို့ ငွေပေးချေပြီးချိန်တွင် ငွေတိုက်စာချုပ်ကိုယ်စားလှယ်ထံမှ Order ID ပါဝင်သော ငွေရပြေစာ အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်ပါသည်၊၊ ယင်းအီးမေးလ်တွင် ပါဝင်သော “ငွေတိုက်စာချုပ်ကိုယ်စားလှယ်မှတဆင့်ဝယ်ယူသူများဖြည့်ရန်ဆိုသည့် ပုံစံပါ website linkကို ဖြည့်ပေးရမည်ဖြစ်ပါသည်။

  • unitedbonds-nug.org website ပေါ်တွင်ဖြည့်ရမည့် ပုံစံများသည် ဝယ်ယူသူများကိုယ်တိုင်မိမိတို့ ကိုယ်ရေးအချက်အလက်များကိုဖြည့်သွင်းရန်ဖြစ်ပြီး

    ကိုယ်တိုင်မဟုတ်ဘဲ အခြားသူတစ်ဦးဦးအား ဖြည့်သွင်းစေခြင်းများအတွက် Unitedbonds နှင့် အမျိုးသားညီညွတ်ရေး အစိုးရမှ တာဝန်ယူမည်မဟုတ်ကြောင်းလည်း လေးစားစွာအသိပေးအပ်ပါသည်၊၊

  • ငွေလွှဲပြီးကြောင်း ပုံစံ(ခ) ကို ဖြင့် မပျက်မကွက် ဖြည့်သွင်းရပါမည်။

  • ပုံစံ (ခ) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ပူးတွဲဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ၀ယ်ယူထားသော ငွေတိုက်စာချုပ်ကို (၁၄) ရက်အတွင်း ပြန်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊

  • ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန်လိုအပ်ပါသည်၊၊

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ ငွေတိုက်စာချုပ်တန်ဖိုးအဖြစ် သတ်မှတ်မည်ဖြစ်သည်၊၊

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်နိုင်ပါသည်၊၊

  • Reference (သို့မဟုတ်) Purpose to transfer သို့မဟုတ် Message to beneficiary တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ပေးပို့ထားသည့် (Order ID Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊

  • အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့သော အီးမေးလ် များကို Junk (သို့မဟုတ်) Spam Folder ထဲသို့ရောက်ရှိနေနိုင်သဖြင့် ယင်း Folder များထဲတွင်လည်း စစ်ဆေးစေလိုပါသည်၊၊

  • ငွေလွှဲပြီးသောအခါတွင် အဖွဲ့လိုက်၀ယ်ယူပေးမည့်သူသည် စာချုပ်တန်ဖိုးငွေကို ပေးဆောင်ပြီးကြောင်း ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။

  • ပုံစံ(ခ) ကို ဖြည့်သွင်းချိန်တွင် “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။ ဥပမာ – စုပေါင်း၀ယ်ယူသူ ၃ ဦးဖြစ်လျှင် ပုံစံ(ခ) ကို (Order ID နံပါတ်) တစ်ခုတည်းကိုသာ အသုံးပြု၍ “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူ(၁)၊ ၀ယ်ယူသူ(၂)၊ ၀ယ်ယူသူ(၃) ဟု ၃ယောက်စာ ဖြည့်သွင်းကာ ပေးပို့ရပါမည်။

  • ၀ယ်ယူသူတစ်ဦးစီအတွက် ငွေတိုက်စာချုပ်တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ အဖွဲ့လိုက်ဝယ်ယူသည့် ပုံစံ(ခ)စာရင်းတွင်ပါဝင်သော ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ ထုတ်ပေးသွားမည်ဖြစ်သည်၊၊ 

  • United Bonds ရဲ့ တရားဝင် အီးမေးလ် လိပ်စာတွေကို @unitedbonds-nug.org နဲ့ တည်ဆောက်ထားပါတယ်။ @unitedbonds-nug.org ကနေပဲ သက်ဆိုင်ရာကဏ္ဍအလိုက် အီးမေးလ်လိပ်စာများကို အသုံးပြု၍ ပေးပို့သွားပါမယ်။